ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ သစ်တောဦးစီး ဌာနမှ"ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
၂၀-၁၁-၂၀၂၄ ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီအချိန်၌ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အ.ထ.က (၃)အခြေခံပညာအထက်တန်းကျောင်း၊ မြောက်ရွာရပ်ကွက်တွင်" ရာသီဉတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တ ရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ်" ခေါင်းစဥ်ဖြင့် မြို့နယ်အဆင့် ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့ အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်သည့်နည်းလမ်းများ၊ fire hotspotများ၏ အကြောင်းအရင်းများ၊ fire hotspot များ တွေ့ရှိရသည့် ဒေသများနှင့် ကမ္ဘာ့ဒီရေတောများ ပေါက်ရောက်ရာ ဒေသများ၊ မြန်မာနိုင်ငံရှိ ဒီရေတော ပေါက်ရောက်ရာဒေသများ၊ ဒီရေတောများ၏ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတွင် သစ်တောသစ်ပင်များသည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်မှုအခြေအနေများအား ပညာပေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးခင်မောင်ဆန်းမှရာသီဥတု ပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှု၊ သဘာဝဘေးအန္တရာယ်များအား လျှော့ချရမည့်နည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးခြင်းအကျိုးကျေးဇူးများကို ပညာပေးဟောပြောခဲ့ပါကြောင်းဟောပြောပွဲအား အ.ထ.က (၃)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ(၄)ဦး၊ကျောင်းသား၊ ကျောင်းသူများ (၁၆၀)ဦး၊ စုစုပေါင်း (၁၆၄)ဦးတို့မှ တက်ရောက်ခဲ့ပါကြောင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဟောပြောပွဲတွင် တက်ရောက်သူများအား သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များ၊ ကျောင်းသုံး ဘောပင်များဖြန့်ဝေခဲ့ပါကြောင်းနှင့် ကျောင်းစာကြည့်တိုက်သို့ သစ်တောကြေးမုံစာအုပ် (၁၀)အုပ် လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။