မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ"ခေါင်းစဉ်ဖြင့်အသိပညာပေးခြင်းကိုကျင်းပ
(၂၀-၁၁၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ပေလေးပင်)ခန်းမတွင်မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ"ခေါင်းစဉ်ဖြင့်အသိပညာပေးခြင်းကိုကျင်းပဆောင်ရွက်ခဲ့ရာအဆိုပါ အသိပညာပေးဟောပြောပွဲတွင်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြတ်စိုးမှ "မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ"ခေါင်းစဉ်ဖြင့် လည်းကောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခေတ္တမြို့နယ်တာဝန်ခံ ဦးစည်သူအောင်မှ"မီးခိုးမြူငွေ့ ညစ်ညမ်းမှုအကြောင်းသိကောင်းစရာ"ခေါင်းစဉ်ဖြင့်ကျောင်းသား (၄၀) ဦး၊ကျောင်းသူ (၄၅) ဦး စုစုပေါင်း (၈၅)ဦး တို့အားအသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများအား ဗလာစာအုပ်များဆုချီးမြှင့်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။