ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(၂၀.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ အ.ထ.က ကျောင်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟော‌ပြောပွဲ( မြို့နယ်အဆင့်) အားကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမ(၄)ဦး ၊Grade (8)ကျောင်းသူ/သား (၁၅၀)နှင့် ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း အင်အား (၁၆၀)ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးထက်အောင်(၁)မှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးအကြောင်း အရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 20, 2024 - 17:30