ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(၂၀.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ပေါက်ခေါင်း) တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေး အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ( မြို့နယ်အဆင့်) အားကျင်းပဆောင် ရွက်ခဲ့ရာ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမ(၁၀)ဦး ကျောင်းသူ/သား (၁၃၀)၊ မြို့နယ်အဆင့်ဌာနဆိုင် ရာ (၅)ဦးနှင့် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၁၅)ဦး၊ စုစုပေါင်း အင်အား (၁၆၀)ဦး တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဦးသော်မော်ခန့် မှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်
နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးအကြောင်း အရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများ ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ ကျောင်းအုပ်ဆရာကြီးမှ ပါဝင်ဆွေးနွေး၍
သစ်တောဦးစီးဌာနအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 20, 2024 - 18:15