မွန်ပြည်နယ်၊ မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ ကမနင်း‌ကျေးရွာ၊ ကျေးရွာခန်းမ၌"မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာဟောပြောပွဲကျင်းပ

(၃၀-၇-၂၀၂၆)ရက်နေ့(၁၄:၀၀)နာရီအချိန် ၌ မွန်ပြည်နယ်၊မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊ ကမနင်း‌ကျေးရွာ၊ ကျေးရွာခန်းမ၌ နိုင်ငံ‌တော်ရက်(၁၀၀)စီမံချက်အရ"မိုးရာသီ သစ်ပင်စိုက်ပျိုး‌ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာဟောပြောပွဲနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေး နှင့်သဘာဝ‌တောများမှထင်းအစား ထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲစေရေးအသိပညာပေးဟောပြောပွဲ" ကို ကျင်းပပြု လုပ်ခဲ့ရာဟောပြောပွဲအခမ်းအနား သို့ ကမနင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊သား၊ သစ်တောဝန်ထမ်းများ စုစုပေါင်း ကျား(၁၇) ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့ နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး၊ ဦးတင့်နိုင်ဇော်မှ"မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီဖိုများတိုးချဲ့သုံးစွဲစေရေးနှင့်ပတ်သက်သည့်အ‌ကြောင်းအရာများအားအသိပ ညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 31, 2026 - 13:00