မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ အွန်စောမွန်ရာဘာသစ်ပါးလွှာစက်ရုံ၌“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ
၃၀-၇-၂၀၂၆ ရက်နေ့(၁၄:၃၀)နာရီအချိန်တွင်မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ အွန်စောမွန်ရာဘာသစ်ပါးလွှာစက်ရုံ၌ နိုင်ငံတော်ရက်(၁၀၀)စီမံချက်အရ“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကိုကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ စက်ရုံဝန်ထမ်းများ၊ စက်ရုံအလုပ်သမားများ၊ စခန်းကြီးကျေးရွာဒေသခံများနှင့် သစ်တောဝန်ထမ်းများကျား(၁၉)ဦး၊ မ(၄၃)ဦး၊ စုစုပေါင်း(၆၂)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ေးရနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


