ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ် သစ်တောဦးစီးဌာန၊တွဲဘက်ကျိုက်လတ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊တွဲဘက်ကျိုက်လတ်မြို့နယ်မှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၃၀.၇.၂၀၂၆ )ရက်နေ့ ၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ သပြုဆိပ်ညောင်ချောင်းကျေးရွာ၊ အ.ထ.က တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ/ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး သစ်တောဦးစီးဌာနမှဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၁၅၅)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးဟန်ထွန်းချိုမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်း၊လက်ကမ်းစာစောင်(၁၀၀)ဖြန့်ဝေခြင်းနှင့် သရုပ်ပြကံ့ကော်ပင်စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 31, 2026 - 13:15