ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သစ်တောဦးစီးဌာနမှပြုလုပ်သော ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊သစ်တောဦးစီးဌာနမှပြုလုပ်သော ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီကအမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးသန့်စင်ကျော်ကမီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ဆိုးကျိုးများနှင့်ဖြစ်ပေါ်လာစေနိုင်သောရောဂါများ၊လူသားများ နှင့်ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုနှင့်ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာသိ ကောင်းစရာများကို လက်ကမ်းစာစောင်များဖြန့်ဝေပြီး ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများကသိရှိလိုသည့်မေး မြန်းချက်များအပေါ်ပြန်လည်ဖြေကြားဆွေးနွေးကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ် တောဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊အ.ထ.က(၁) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၃၀)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

date: 
Thursday, November 21, 2024 - 13:30