စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာနမှရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခြင်းအစီအစဥ်မြို့နယ်အဆင့် ဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်/ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်၌ မော်လိုက်/ခန္တီးခရိုင် ၊ဟုမ္မလင်းမြို့နယ်၊အမှတ်(၂)အထက်တန်းကျောင်းတွင် မြို့နယ်အဆင့် "
ရာသီဥတုပြောင်းလဲမှု၊သဘာဝ ဘေးအန္တရယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးခွန်ဖိုးမှ မီးခိုး/မြူငွေ့လျော့ချရေးအစီအစဉ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လှဌေးနွယ်မှ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီးဦးကျော်မြိုင်မှ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအစီအစဉ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက် လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်လက်၍သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်မှ လစဥ်ထုတ်ဝေသော သစ်တောကြးမုံ(၁၀)အုပ်အား ကျောင်းအုပ် ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးခြင်း ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိပါသည်။