စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ကလေးဝမြို့နယ်၊သစ်တောဦးစီးဌာနမှ“ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး” အသိပညာပေးခြင်းအစီအစဉ် (မြို့နယ်အဆင့်) ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၀.၁၁.၂၀၂၄) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကလေးဝမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ် ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲအခမ်းအနားသို့ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးအပါအဝင် ဝန်ထမ်း(၁၀)ဦး၊ အ.ထ.က၊ ကလေးဝမြို့မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၁၀)ဦး၊ အထက်တန်းအဆင့်ကျောင်းသား/သူ (၁၅၄)ဦး စုစုပေါင်း (၁၇၄)ဦး တက်ရောက်ခဲ့ပါသည်။ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ထွန်း က မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးနှင့် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းရေး အစီအစဉ်၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းရေးအစီအစဉ် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များအား ကျောင်းသား/သူများထံ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Thursday, November 21, 2024 - 16:00