ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၁.၁၁.၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်ရွှေတောင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်းခွဲ သရက်တောကျောင်းရှိခန်းမ၌ "ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့ လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ"(မြို့နယ်အဆင့်)အားပြုလုပ်ခဲ့ရာ ရွှေတောင်မြို့၊မြို့နယ်ပညာရေးမှူး ဦးကျော်ဦး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်း(၁)ဦး၊ရွှေတောင်မြို့အခြေခံပညာ အထက်တန်းကျောင်းခွဲမှတာဝန်ခံကျောင်းအုပ် ဆရာကြီးနှင့်ဆရာ/ဆရာမ(၆)ဦး ၊ ကျောင်းသား/သူ (၇၈)ဦး၊ကျောင်းကော်မတီအဖွဲ့ ဥက္ကဌ ဦးရဲလင်းကျော်၊ ရွှေတောင်မြို့နယ်၊ သစ်တော်ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါဝန်ထမ်း (၇)ဦး စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ပါသည်။ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင်မှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။ကျောင်းသား မောင်စောဝင်းထွဋ်၊ ကျောင်းသူ မသဲသဲစုတို့၏ သိရှိလိုသည့် မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာသဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ အား ဖြန့်ဝေခြင်း၊ ကျောင်းသုံးဗလာစာအုပ်(၇)ဒါဇင်တို့အား ပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။