စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် မြို့နယ်အဆင့် ဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၁-၁၁-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် တန့်ဆည်မြို့၊ အ.ထ.က(၁)စာသင်ကျောင်း၌" ရာသီဉတု ပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဉ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်မျိုးသူ - ၂ မှ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ခေါင်းစဉ်အား Powerpoint ဖြင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ ပြီးတက်ရောက်လာသူ ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူများ ၊ ကျောင်းဆရာ/ဆရာမများအပါအဝင် သစ်တောဦးစီးဌာနဝန်ထမ်းများ စုစုပေါင်း(၅၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။