မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်၊သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် ဟောပြောပွဲ ကျင်းပ

သစ်တောဦးစီးဌာန၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်မှ ၂၁-၁၁-၂၀၂၄ ရက်နေ့၊ မွန်းလွဲ(၁၄:၃၀) နာရီအချိန်၌ မြို့မ(၃)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တွင် " ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် " မြို့နယ်အဆင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဝန်ထမ်းများစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇောအောင်က ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း၊ တက်ရောက်လာသူများကို သစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းခြင်းလုပ်ငန်းများအား နည်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တက်စေရန် ရှင်းလင်းတင်ပြထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Thursday, November 21, 2024 - 23:15