သစ်တောဦးစီးဌာန ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်၏ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုမြူငွေ့လျှောချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
(၂၂-၁၁-၂၀၂၄)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ်၏ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုမြူငွေ့လျှောချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲအား ပျဉ်းမနားမြို့နယ်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ နံနက်(၉:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်းအဆင့် ကျောင်သားကျောင်းသူ (၉၅)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသိန်း(၁) မှ ရာသီဥတုပြောင်းလဲလာမှုများ၊ မီးခိုမြူငွေ့များ၏ သက်ရောက်မှုများ၊ သစ်တောသစ်ပင်များ၏ ရာသီဥတုပြောင်းလဲမှုအပေါ်အကျိုးကျေးဇူးများ၊ နှင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောခဲ့ပါသည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းစုယဉ် ထံသို့ သစ်တောကြေးမုံ စာအုပ်များ လှူဒါန်းခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားအားနံနက် (၁၀:၀၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။