သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၃-၈-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၀၂) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး (၂၄) ဦးက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာမူမူအောင်(ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ) က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒေါ်က်တာအိအိဆွေလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ) မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော အာရှ-ပစိဖိတ် သစ်တောကွန်ယက်ကောင်စီ၏ (၁၀)ကြိမ်မြောက်အစည်းအဝေးနှင့် လာအိုနိုင်ငံ၊ လွမ်ဘရာဘွမ်မြို့၌ ကျင်းပသော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဒေသတွင်းညီလာခံအား လည်းကောင်း၊ ဦးအောင်ဇော်မိုး (သုတေသနအရာရှိ၊ သစ်တောသုတေသနဌာနခွဲ)မှ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်၊ ဘိုဂါမြို့၌ ကျင်းပသော ပြင်ပမှ ကျူးကျော်မျိုးစိတ်များ(Invasive Alien Species- IAS) စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ခြင်းအတွက် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရသည်။

date: 
Tuesday, August 4, 2026 - 09:30