စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ဝက်လက် မြို့နယ် သစ်တောဦးစီးဌာန မှ ရာသီဥတု ပြောင်းလဲမူ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး / မြူငွေ့ လျော့ချရေး ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဥ် မြို့နယ်အဆင့်ဟောပြောပွဲကျင်းပ
၂၂ - ၁၁ - ၂၀၂၄ ရက်နေ့ နံနက် ( ၁၀: ၁၅ ) နာရီ အချိန်တွင် ဝက်လက် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းစစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက် မြို့နယ်၊ သစ်တောဦးစီးဌာန မှ ရာသီဥတုပြောင်းလဲမူ ၊သဘာဝဘေးအန္တရာယ် နှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းအစီအစဥ် "မြို့နယ်အဆင့်ဟောပြောပွဲကျင်းပရာ ဝက်လက် မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးတင်လင်းအောင် မှ "ရာသီဥတုပြောင်းလဲမူ ၊သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အကြောင်းအရာများအား power point ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး မီးခိုး/မြူငွေ့ လျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအားဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဝက်လက် မြို့ အ.ထ.က ကျောင်းမှ ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ( ၅၇ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။