ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်သစ်တော ဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကျင်းပ

(၂၂.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်သစ်တော ဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို မှော်ဘီမြို့နယ် အခြေခံပညာအထက် တန်းကျောင်း၊ လှိုင်ရတနာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန် က ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးခိုး/ မြူငွေ့ လျှော့ချရေး ၊မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ စိုက်ပျိုးရန် မီးရှို့သည့်အတွက် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများ၊ မီးခိုးမြူငွေ့တွင် ပါဝင်သော လေထုညစ်ညမ်းစေသည့် အကြောင်းအရာများနှင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ထိခိုက်မှုနှင့် ဆိုးကျိုးများ၊ သစ်တောကဏ္ဍနှင့်ပတ်သက်၍ မီးခိုး/မြူငွေ့ လျှော့ချစေရေးဆိုင်ရာ အကြောင်းအရာများ၊ မီးခိုး/ မြူငွေ့ဖြစ်ပွားချိန်များတွင် ကြိုတင်ကာကွယ် လိုက်နာဆောင်ရွက် ရမည့်အချက်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ အ.ထ.က ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပေါင်း (၁၃၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Friday, November 22, 2024 - 14:45