တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
၂၂-၁၁-၂၀၂၄ ရက်နေ့ (၈:၄၅) နာရီအချိန်တွင် တင်္သာရီမြို့နယ်သစ်တေဦးစီးဌာနသည်၊ အ ထ က တနင်္သါရီ ပညာရတနာခန်းမ၌ ၊ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရယ်နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခေါင်းစဉ်ဖြင့် မြို့နယ်အဆင့် ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ရာသီဥတုပြောင်းလဲလာခြင်းကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာခြင်း ၊ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချမည့်နည်းလမ်းများ သစ်ပင်စိုက်ပျိုး ပြုစုထိန်းသိမ်းခြင်း နှင့် မြူခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ မြူခိုးမြူငွေ့အမျိုးအစားများ၊မြူခိုးမြူငွေ့၏ဆိုးကျိုးများ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းရင်းများ၊စသည့်အကြောင်းအရာများအား ၊တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက ဟောပြောခဲ့ပြီး ၊တနင်္သာရီ အ ထ က ကျောင်းမှ ဆရာမ (10) ဦး၊ကျောင်းသား/ ကျောင်းသူ (200)ဦး၊စုစုပေါင်း (210) ဦး တက်ရောက်ခဲ့ပါသည်။တက်ရောက်လာသူများက သိရှိလို၍ မေးမြန်းချက်များကို ကြေညက်အောင်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။