သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးလှမောင်သိမ်းသည် တာဝန်ရှိသူများလိုက်ပါ၍ (၂၄.၁၁.၂၀၂၄) ရက်နေ့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာသတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ အမြဲတမ်းအတွင်းဝန်မှဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသောဝန်ထမ်းမိသားစုများအနေဖြင့် မိမိတို့နေထိုင်သည့် တိုက်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်တွေ့ဆုံမှာကြားသည်။။ထို့နောက် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်၊ သာယာလှပမှု၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှု ရှိ၊ မရှိ၊ သစ်ပင်များ အလင်းဖွင့်ဆောင်ရွက်မှု၊ မြက်ခြုံနွယ်များ ရှင်းလင်းမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။