သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဉတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၏ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူ‌ငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

(‌၂၆-၁၁-၂၀၂၄)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဉတ္တရခရိုင်၊တပ်ကုန်း မြို့နယ်၏ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုးမြူ‌ငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲအား တပ်ကုန်းမြို့နယ်၊နွယ်ရစ် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ နံနက်(၁၁:၀၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်သားကျောင်းသူ (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာန ၊ဦးစီးအရာရှိ ဦးအောင်ကိုကို(၂) မှ ရာသီဥတုပြောင်းလဲလာမှုများ၊ မီးခိုးမြူငွေ့များ၏ သက်ရောက်မှုများ၊ သစ်တောသစ်ပင်များ၏ ရာသီဥတုပြောင်းလဲမှုအပေါ်အကျိုးကျေးဇူးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောခဲ့ပါသည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မို့မို့အေး ထံသို့ သစ်တောကြေးမုံ စာအုပ်များ လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, November 26, 2024 - 13:15