၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၂၄-၁၁-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ပြည်နယ်/ တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု သတင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၃၉၂၄) တန်၊ သစ်မာ (၂.၅၆၆၂)တန်၊ အခြား (၃၈.၉၀၇၁)တန်၊ စုစုပေါင်း (၇၁.၈၆၅၇) တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၁၅) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၁၁-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မဘိနယ်၊ မြို့မ(၄)ရပ်ကွက်၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမကြီးအရှေ့ဘက်နှင့် မြို့မ(၃)ရပ်ကွက်၊ ပိန္နဲတိုက်ကွက်သစ်၊ လမ်းမကြီး (၆)အတွင်းမှ တရားမဝင် အခြားခွဲသား စုစုပေါင်း (၁၄၀၉)ချောင်း၊ (၁၉.၉၈၉၈) တန်၊ တရားခံ(၆)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။
date:
Tuesday, November 26, 2024 - 14:15