ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
(၂၆.၁၁.၂၀၂၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်``မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ"(မြို့နယ်အဆင့်)အား ငပုတောမြို့နယ်၊ ငရုပ်ကောင်း(တောင်)ရွာ အ.ထ.ကတွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်မှ "မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ"ခေါင်းစဥ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး ၊ တောအုပ်ကြီး ဦးခန့်ဇော်ထက်မှ သဘာဝဘေးအန္တရာယ်သက်သာစေရေးနှင့် သစ်တောများ၏အခန်းကဏ္ဍ"ခေါင်းစဥ်တို့ဖြင့်ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းကလျာနှင့် ဆရာဆရာမ(၁၀)ဦး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါသစ်တောဝန်ထမ်း (၈)ဦး၊ရပ်မိ၊ရပ်ဖ (၂)ဦး၊ကျောင်းသူ၊ကျောင်းသား (၁၂၀)ဦး စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။