မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(၂၆-၁၁-၂၀၂၄) ရက်နေ့၊(၁၃:၄၅)နာရီတွင် မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပဒါန်းကျေးရွာ အခြေခံပညာမအထက်တန်းကျောင်း ၌"ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေး အန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအ စဥ်(မြို့နယ်အဆင့်) အားပြုလုပ်ခဲ့ပါသည်။ ဦးကျော်လွင်(မြို့နယ်ဦးစီးဌာနမှူး) မှ မီးခိုး/မြူငွေ့လျှော့ချရေး၊ ဦးကျောမောင်ထွေး(တောအုပ်)မှရာသီဥတုပြောင်းလဲမှုနှင့်သဘာဝဘေးအန္တရာယ်နှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း ကိုဟောပြောခဲ့ပါသည်။တက်ရောက်သူဆရာမ(၆)ဦး၊ G-10ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး၊သစ်တောဝန်ထမ်း (၆)ဦး စုစုပေါင်း(၁၆၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, November 26, 2024 - 18:30