ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(၂၆.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်၊သစ်တောဉီးစီးဌာနမှနယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး၊သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး၊ရာသီဉတုပြောင်းလဲမှုလျော့နည်းစေရေးအသိပညာပေးဟောပြောပွဲကိုမိုင်းရှူးမြို့နယ်၊ဝမ်ဆော့ကျေးရွာအုပ်စု၊ဝမ်ဆော့ကျေးရွာပိုင်ခန်းမတွင် ကျင်းပခဲ့ရာလွိုင်လင်မြို့နယ်သစ်တောဉီးစီးဌာနမှတောအုပ်ကြီးဉီးဇော်မင်းအောင်၊တောအုပ်ဉီးအောင်ထွန်းလင်းတို့မှ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးသိကောင်းစရာများကိုလည်းကောင်းဒေသခံပြည်သူ(51)ဉီးတို့အားဟောပြောခြင်း၊ပြည်သူများမှမေးမြန်းမှုများအားပြန်လည်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့်နိုင်ငံပိုင်သတင်းစာများတွင်ပါဝင်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိပါကြောင်း သတင်းရရှိပါသည်။

date: 
Tuesday, November 26, 2024 - 18:30