လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်းတွင်ပညာရေးဌာနနှင့်ပူးပေါင်း၍မီးခိုးမြူငွေ့လျော့ချရေး၊ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးဆွေးနွေးဟောပြောခြင်းအား(၂၇.၁၁.၂၀၂၄)ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်တွင်ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းတင်ပြအပ်ပါသည်။မိုင်းပန်မြို့နယ်ဦးစီးဌာနမှူးဦးရန်ပိုင်ထွန်းမှမီးခိုးမြူငွေ့လျော့ချရေး၊နယ်မြေတာဝန်ခံ တောအုပ်ဦးထွန်းဝင်းမှရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့်နယ်မြေတာဝန်ခံ တောအုပ်ဦးစောယုယချိုမှသဘာဝဘေးအန္တရာယ်ဆိုင်ရာများဆွေးနွေးချပြခဲ့ပြီးတက်ရောက်လာသည့်ကျောင်းသား/ကျောင်းသူများကသိရှိလိုသည်များမေးမြန်းပြီးပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Wednesday, November 27, 2024 - 14:00