ဆီဆိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ

(27.11.2024)ရက်နေ့နံနက်(၉)နာရီအချိန်တွင် ဆီဆိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဆီဆိုင်မြို့အခြေခံပညာအထက်တန်းကျောင်းအ.ထ.က(၁)တွင်မီးခိုးမြူငွေ့လျှော့ချထိန်းချုပ်ရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုမီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းကျင်းပရာ၊ဦးစီးအရာရှိဦးနေလင်းဦးမှမီးခိုးမြူငွေ့လျော့ချထိန်းချုပ်ရေးဆိုင်ရာသိကောင်းစရာများကိုလည်း‌‌ ကောင်း၊မြို့နယ်မီးသတ်ဦးစီးမှူးဦးနယ်လ်ဆင်လှမြိုင်မှမီး‌ ဘေးကြိုတင်ကာကွယ်‌ ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း‌ ဟောပြောခဲ့ရာ ဟောပြောပွဲသို့ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ပြီး၊တက်ရောက်လာသည့်ကျောင်းသား‌၊ကျောင်းသူများမှ သိရှိလိုသည့်မေးခွန်းများအားပြန်လည်ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, November 27, 2024 - 14:45