မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ "ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိ ပညာပေးခြင်း အစီအစဉ်" ဟောပြောပွဲကျင်းပ
၂၇-၁၁-၂၀၂၄ ရက်နေ့၊ (၁၃:၀၀ ) နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျောင်းစုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌"ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်း အစီအစဉ် (မြို့နယ်အဆင့်) ပြုလုပ်ခဲ့ပါသည်။ ဦးလှမျိုး (ဦးစီးအရာရှိ) မှ မီးခိုး/မြူငွေ့လျှော့ချရေး၊ ဦးနေမျိုးအောင် (တောအုပ်ကြီး) မှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းကို ဟောပြောခဲ့ပါသည်။ တက်ရောက်သူ ကျေးရွာနေပြည်သူ (၄၅) ဦး၊ သစ်တောဝန်ထမ်း (၁၀) ဦး၊ စုစုပေါင်း (၅၅) ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
date:
Thursday, November 28, 2024 - 09:15