၂၇-၇-၂၀၂၆ ရက်နေ့မှ ၂-၈-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၈.၁၇၃၆)တန်၊ သစ်မာ(၄.၅၂၄၄)တန်၊ အခြား(၄၈.၆၃၈၅)တန်၊ စုစုပေါင်း(၆၁.၃၃၆၅)တန်၊ ယာဉ်/ယန္တရား(၆)စီး၊ တရားခံ(၂၁)ဦးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ကျေးသီးဘိနယ်၊ကျေးသီးမြို့ ရှောင်ကွင်းလမ်းမှ တရားမဝင် အင်ခွဲသား(၉၁၇)ချောင်း (၁၆.၈၃၆၆)တန်၊ ကျွန်းပြတင်းတံခါးဆိုဒ်စုံ (၁၉၇)ချပ် (၂.၂၈၇၀)တန်၊ စုစုပေါင်း တရားမဝင်သစ်(၁၉.၁၂၃၆)တန်၊ (၁၂)ဘီးယာဉ်(၁)စီး၊ တရားခံ(၃)ဦးဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Monday, August 10, 2026 - 10:15