သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၇-၈-၂၀၂၆)ရက်၊ တနင်္လာနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း(၉၂)ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး(၂၆)ဦးက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာအင်ကြင်းခိုင်(ဒုတိယညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးေရးဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးထွန်းထွန်းမင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတော နှင့်သစ်တောလုပ်ငန်းဌာနခွဲ)မှ လာအိုနိုင်ငံ၊ ပတ်စဲမြို့၌ ကျင်းပသော ဒေသခံပြည်သူသစ်တောကဏ္ဍဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးရေရှည်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု မူဝါဒများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ခြင်းအား လည်းကောင်း၊ ဦးနေအောင် (ဦးစီးအရာရှိ၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ)မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသော မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မီးရှို့မှုမရှိသော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု ကွင်းဆက်ခြေရာခံစနစ် မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတက်ရာက်ခြင်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရှိရသည်။







