ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သစ်တောဦးစီးဌာန(တွဲဖက်)ဇလွန်မြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ
(၂၆-၈-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ သစ်တောဦးစီးဌာန(တွဲဖက်) ဇလွန်မြို့နယ်၌" မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး(၄၈)ဦး သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၅၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ် ဦးမြင့်သူမှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သစ်တောလုပ်ငန်းများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




