“တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း”စီမံကိန်း(FD-AFoCO Forest Fire Project) (AFoCO/032/2022)ပြင်ပနည်းပညာအကြံပေးအဖွဲ့ အဆိုပြုလွှာခေါ်ယူခြင်း
“တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” စီမံကိန်း (FD-AFoCO Forest Fire Project) (AFoCO/032/2022)
ပြင်ပနည်းပညာအကြံပေးအဖွဲ့ အဆိုပြုလွှာ ခေါ်ယူခြင်း
(Call for Proposal on Consultancy)
စီမံကိန်းအကြောင်းအရာ
၁။ သစ်တောဦးစီးဌာနနှင့် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization-AFoCO) တို့သည် အာဆီယံ-ကိုရီးယား ပူးပေါင်း ဆောင်ရွက်ရေးရန်ပုံငွေ အထောက်အပံ့ဖြင့် “တောမီးကြံ့ကြံ့ခံနိုင်ခြင်း၊ ဒေသခံများ၏လူမှုစီးပွားနှင့် ဈေးကွက်ချိတ်ဆက်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” စီမံကိန်းကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်၊ အောက်တိုဘာလအထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း၏ ရလဒ် ၁.၃ ပါလုပ်ငန်းများတွင် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သည့် မီးလောင်မှုများကို လျော့ချခြင်းနှင့် လျော့ နည်းစေရေးအတွက် အထောက်အကူပြုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ စီမံကိန်းအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ နှစ်တွင် မြေအသုံးချမှုဆိုင်ရာ နည်းစနစ်များကို ပိုမို ခိုင်မာ အားကောင်းလာစေရေး ဆောင်ရွက်ခြင်း နှင့် ဒေသခံများ၏ အစား အစာ ဖူလုံမှုကို တိုးမြှင့် စေရန်အတွက် မှို၊ စားသုံးသီးပင်များ၊ ဆေးဘက်ဝင်အပင်များနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ သင်တန်းများနှင့် အသိပညာ ပေးဆွေးနွေးဟောပြောပွဲများ ပြုလုပ် ပေးခြင်း၊ နည်းပညာလမ်းညွှန်ချက်များ ရေးသားပြုစုခြင်း၊ ဒေသခံ တောင်သူများအား ရာသီဥတု ပြောင်းလဲမှုဒဏ်အား ခံနိုင်ရည်ရှိသည့် စိုက်ပျိုးနည်းစနစ်များအား ဒီဇိုင်းများရေးဆွဲ၍ နည်းပညာ ပံ့ပိုးခြင်း၊ သရုပ်ပြကွက်များအား မြေပြင် လက်တွေ့ အကောင်အထည်ဖော်စိုက်ပျိုးခြင်းနှင့် အဆိုပါ လုပ်ငန်းများ အား Monitoring & Evaluation လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆောင်ရွက်သွား မည် ဖြစ်ပါသည်။
နည်းပညာအကြံပေးလုပ်ငန်း၏ ရည်ရွယ်ချက်များ
၃။ အကြံပေးဝန်ဆောင်မှုလုပ်ငန်း၏ အဓိက ရည်ရွယ်ချက်မှာ စီမံကိန်း၏ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းနည်းစနစ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အတွက် ခိုင်မာသည့် သီးနှံသစ်တောရောနှောစိုက်ပျိုးသည့်စနစ်များနှင့် မိရိုးဖလာစိုက်ပျိုးနည်းစနစ် များအပြင် ခိုင်မာသည့် မြေယာအသုံးချ စိုက်ပျိုးရေးစနစ်များ ပေါ်ပေါက်လာစေရန် အတွက် နည်းပညာပိုင်းဆိုင်ရာနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အကြံပြုပံ့ပိုးရန် ဖြစ်ပါသည်။ အကြံပေးလုပ်ငန်း၏ အသေးစိတ်ရည်ရွယ်ချက်များမှာအောက်ဖာ်ပြပါအတိုင်းဖြစ်ပါသည်-
(၁) လူတို့ကြောင့် ဖြစ်ပေါ်သည့် တောမီးလောင်ကျွမ်းမှုအား လျော့နည်းစေရန်နှင့် လျှော့ ချနိုင်ရေးအတွက် အခြားသော သမားရိုးကျ မဟုတ်သည့် စိုက်ပျိုးနည်းလမ်းများ (သို့မဟုတ်) အခြားစိုက်ပျိုးနည်းစနစ်များ အသုံးပြု၍ မြေအားစနစ်တကျ စီမံအသုံး ချမှုများ ပေါ်ပေါက်လာစေရန်၊
(၂) ဒေသခံများ၏ အစားအစာဖူလုံမှုကို တိုးမြင့်စေရန်အတွက် မှို၊ စားသုံး သီးပင်များနှင့် ဆေးဖက်ဝင်အပင်များနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းပညာလမ်း ညွှန်ချက်များပေါ်ပေါက်လာစေရန်
(၃) ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည့် လုပ်ငန်းများ အား အကြံပေးဆောင်ရွက်ရန်၊
(၄) ဒေသခံများအား တောမီးကာကွယ်ထိန်းချုပ်ခြင်းတို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက် လာစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊
နည်းပညာအကြံပေးလုပ်ငန်းဆောင်ရွက်ရမည့် ကာလ
၄။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၇ ခုနှစ်၊ မတ်လအထိ
နည်းပညာအကြံပေးလုပ်ငန်း ဆောင်ရွက်ရမည့် နေရာ
၅။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် စီမံကိန်းဧရိယာများ
နည်းပညာအကြံပေးလုပ်ငန်းမှအဓိကထွက်ရှိရမည့် နည်းပညာလမ်းညွှန်ချက်များနှင့် တာဝန် ဝတ္တရားများ
၆။ တဖက်ဖော်ပြပါ နည်းပညာဆန်းစစ်ချက်အစီရင်ခံစာများ၊ သင်တန်းအတွက် သင်ခန်းစာ ပို့ချချက်များ၊ လက်တွေ့ကွင်းဆင်းလက်စွဲများကို ပြုစုထုတ်ဝေသွားရန်ဖြစ်ပါသည်-
(က) Guideline 1 - Technical Guideline on the implementation of agroforestry practices based on case studies and recommended models
(ခ) Guideline 2 - Technical Guideline on the development of alternative land management practices or farming practices based on soil-conservation measures and climate-risk mitigation measures
(ဂ) အကြံပေးဝန်ဆောင်မှုအဖွဲ့၏ ဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်းများနှင့် တာဝန်များကို ပူးတွဲဖြင့် ဖော်ပြအပ်ပါသည်။
နည်းပညာအဆိုပြုလျှောက်လွှာတင်သွင်းရမည့်နေ့ရက်နှင့် နေရာ
၇။ အဆိုလွှာများအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ရုံးချိန်အတွင်း ပေးပို့ရမည် ဖြစ်ပါသည်။ အဆိုပြုလွှာအား ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ သစ်တောဦးစီး ဌာနခွဲသို့ လိပ်မူ၍ စီမံကိန်းညှိနှိုင်းရေးမှူး၊ FD-AFoCO Forest Fire Project (AFoCO/ 032/2022)၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော် (သို့) fdforestfire@gmail.com သို့ သတ်မှတ်အချိန်အတွင်း ပေးပို့လျှောက်ထားရန်ဖြစ်ပါသည်။ သတ် မှတ်အချိန်ထက် နောက်ကျသည့် အဆိုပြု လွှာများအား ထည့်သွင်းစဥ်းစားမည် မဟုတ်ပါကြောင်း ဖော်ပြအပ်ပါသည်။
နည်းပညာအကြံပေးအတွက် အများဆုံးလျာထားသတ်မှတ်ငွေ
၈။ ၁၅,၀၀၀,၀၀၀ ကျပ်
နည်းပညာအကြံပေးအဖွဲ့လျှောက်ထားမည့် အဖွဲ့၏ သတ်မှတ်အရည်အချင်းများ
၉။ စီမံကိန်းလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြင်ပ နည်းပညာအကြံပေးအဖွဲ့အား အောက်ဖော်ပြပါ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသော အဖွဲ့များ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) လျှောက်ထားသူအဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံ တင်ထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေ သော အစိုးရမဟုတ်သည့် အဖွဲ့ဖြစ်ရပါမည်။
(ဂ) လျှောက်ထားသည့်အဖွဲ့ဝင် ပါဝင်သူများသည် အစားအစာဖူလုံမှုနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် သီးပင်စားပင်များနှင့် ဆေးဘက်ဝင်အပင်များ စိုက်ပျိုး ထုတ်လုပ်ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုး ခြင်း စသည့် ဘာသာရပ်များတွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သည့် ပညာရှင် အနည်း ဆုံး (၂) ဦး ပါဝင်ရပါမည်။
(ဃ) လျှောက်ထားသည့် အဖွဲ့ဝင် ပါဝင်သူများသည် သီးနှံသစ်တောများစိုက်ပျိုးခြင်းနှင့် မြေဆီလွှာအား ရေရှည်တည်တံ့စေသည့် စိုက်ပျိုးခြင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၅) နှစ် အထက်ရှိရမည်။
(င) လျှောက်ထားသည့် အဖွဲ့ဝင် ပါဝင်သူများသည် သစ်တောများကို မှီခိုနေသည့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံရှိပြီး ဈေးကွက်ဆိုင် ရာ အခြေခံအချက်အလက်များ စာရင်းကောက်ယူခြင်းနှင့် အစီရင်ခံစာများ ရေးသား ခြင်းများ ဆောင်ရွက်ဖူးသူဖြစ်ရမည်။
(စ) လျှောက်ထားသည့် အဖွဲ့သည် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ ဒီဇိုင်း ရေးဆွဲခြင်း၊ လက်တွေ့စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ဖူးသူဖြစ်ရမည်။
(ဆ) သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ ရလဒ်အခြေခံသည့် အစီရင်ခံစာများ ရေး သားပြုစုခြင်း၊ သုတေသနလုပ်ငန်းများ၊ စီမံချက်များရေးဆွဲပြုစုခြင်းနှင့် ရေရှည် တည်တံ့သည့် ဈေးကွက်များ ပေါ်ပေါက်လာစေရေးဆိုင်ရာ နည်းပညာအကြံပြုခြင်း များ ဆောင်ရွက်ဖူးသူဖြစ်ရမည်။
(ဇ) လျှောက်ထားသည့်အဖွဲ့တွင် ပါဝင်သူများသည် သစ်တောဦးစီးဌာနမှ သတ်မှတ်ထား သောစည်းကမ်းချက်များနှင့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရ မည်။
(ဈ) လျှောက်ထားသည့်အဖွဲ့သည် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက် နိုင် ရေးအတွက် နည်းပညာဆိုင်ရာ အကြံပြုချက်များ၊ စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော အကြံပြုချက် များပေးနိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်သူဖြစ်ရမည်။
၁၀။ အသေးစိတ်သိရှိလိုပါက “ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊ သစ်တော ဦးစီး ဌာနနှင့် FD-AFoCO Forest Fire စီမံကိန်း၊ စီမံကိန်းညှိနှိုင်းရေးမှူး၊ ရုံးအမှတ်(၃၉)၊ သစ်တော ဦးစီး ရုံးချုပ်၊ နေပြည်တော်” သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ်- ၀၉ ၄၅၀ ၂၀ ၂၂၃၇ သို့ ဖြစ်စေ၊ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
