မုဒုံမြို့နယ်၊ မြိုမ(၄)ရပ်ကွက်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးတွင်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
၃၁-၈-၂၀၂၆ ရက်၊တနင်္လာနေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန် မုဒုံမြို့နယ်၊ မြိုမ(၄)ရပ်ကွက်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးတွင်“တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်ရာ ရက်ကွက်သူ/သား ကျား(၂၇)ဦး၊ မ(၂၄)ဦး၊ ပေါင်း(၅၁)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးမင်းမှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး ဆောင်ရွက်နေသည့်အကြောင်းအရာများ၊ သစ်တောဥပဒေများနှင့်အရေးယူဆောင်ရွက််နေမှုများအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။



date:
Tuesday, September 1, 2026 - 13:45
