သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၁-၉-၂၀၂၆)ရက်၊ အင်္ဂါနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း(၁၀၁)ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီးနှင့် ဦးစီးအရာရှိ (၂၁)ဦး online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါ်ဖြူဖြူခိုင်(ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ခင်းလုပ်ငန်းဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးလှိုင်ထူး(ဦးစီးအရာရှိ၊ စီမံခန့်ခွဲရေးဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ကျင်းပသော မြန်မာ့ဦးယျာဉ်ခြံမြေ/ သီးနှံစိုက်ပျိုးခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတက်ရောက်ခြင်းအား လည်းကောင်း၊ ဒေါ်ဆုရည်နှင်း (ဦးစီးအရာရှိ၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်း‌ရေးဌာနခွဲ)မှ ဖိလစ်ပိုင်နိုင်ငံ၊ လာဂူနာမြို့၌ ကျင်းပသော အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှီးနှောဖလှယ်ပွဲတက်ရာက်ခြင်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရှိရသည်။

date: 
Tuesday, September 1, 2026 - 15:30