ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သစ်တောဦးစီးဌာန၊‌သိလ္လာဘိနယ်တွင် သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့်စွမ်းအားမြှင့်မီးဖိုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သစ်တောဦးစီးဌာန၊‌သိလ္လာဘိနယ်တွင်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်စွမ်းအားမြှင့်မီးဖိုပေးအပ်ပွဲအခမ်းအနားကို မြောင်းမြမြို့နယ်၊ထုံးဘိုမိချောင်းအိုင်ကျေးရွာအုပ်စု၊ထုံးဘိုမိချောင်းအိုင်‌ ကျေးရွာအလယ်တန်းကျောင်းခွဲတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးနှင့်သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ ထုံးဘိုမိချောင်းအိုင်ကျေးရွာသား(၄၁)ဦး၊ ကျေးရွာသူ(၄၈)ဦး၊ ဆရာဆရာမကျောင်းသား ကျောင်းသူ(၈)စုစုပေါင်း(၁၀၂)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးဝင်းကြည်မှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊အယ်နီညိုရာသီဥတုအခြေအနေနှင့်သစ်တော ဥပဒေဆိုင်ရာ အချက်အလက်များ ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စွမ်းအားမြင့်မီးဖိုများ၊လက်ကမ်းစာ‌ စောင်များ၊မုန့်များ ‌ဝေငှခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, September 7, 2026 - 11:00