ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သစ်တောဦးစီးဌာန၊‌မြို့မဘိနယ်တွင် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲနှင့်စွမ်းအားမြှင့်မီးဖိုပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သစ်တောဦးစီးဌာန၊‌မြို့မဘိနယ်တွင်"သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်စွမ်းအားမြှင့်မီးဖိုပေးအပ်ပွဲ"အခမ်းအနားကို မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊မြချင်းကုန်းကျေးရွာ မြဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကုန်းသာကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူး၊ဘုရားငုတ္တိုရှမ်းစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ မြချင်းကုန်းကျေးရွာသား(၃၁)ဦး၊ ကျေးရွာသူ(၁၅)ဦး၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာအုပ်စု၊မြေတံတားကျေးရွာသား(၁၄)ဦး၊ကျေးရွာသူ(၂၀)ဦးစုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးဝင်းကြည်မှ သစ်‌တောများ၏ အကျိုးကျေးဇူးများ၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊သစ်တော ဥပဒေနှင့်နည်းဥပ‌ဒေဆိုင်ရာအချက်အလက်များ ဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ စွမ်းအားမြင့်မီးဖိုများဝေငှခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကို‌ ဖြေကြားရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, September 7, 2026 - 11:15