ဈေးကွက်ဝင်တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများအရည်အသွေးထိန်းသိမ်းခြင်းနှင့်ဈေးကွက်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
“ဈေးကွက်ဝင်တန်ဖိုးမြှင့် ဝါးထုတ်ကုန်ပစ္စည်းများ အရည်အသွေးထိန်းသိမ်းခြင်း နှင့် ဈေးကွက်မြှင့်တင်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၀-၉-၂၀၂၆)ရက်နေ့၊ နံနက်(၀၉;၀၀)အချိန်တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနခွဲ၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဇေယျ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနခွဲနဲ့ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (AFoCO) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ “သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစား စီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင် ခြင်းစီမံကိန်း” ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်သောသင်တန်းဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ဝါးလက်မှုထုတ်ကုန် များကို ဈေးကွက်မှာတင်ပို့ရောင်းချရာတွင် အရည်အသွေးထိန်းသိမ်းတတ်စေရန်၊ ဈေးကွက်တိုးချဲ့ထုတ်လုပ်နို်ငစေရန်နှင့် လဲလူးအိုင် ဝါးလက်မှုထုတ်ကုန် အမှတ်တံဆိပ်အဖြစ် ဈေးကွက်မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ လ နိုင်ငံတော်၏ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသောမူဝါဒအတိုင်း ဌာနအနေဖြင့် ဝါးစက်မှု/လက်မှု ကဏ္ဍ ဖွံဖြိုးတိုးတက်ရေး၊ ဝါးကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရေးကို အထူးအားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သင်တန်းသား များအနေဖြင့်လည်း သင်ကြားပေးသော ဈေးကွက်မြှင့်တင်ရေး အထောက်အကူပြု ဘာသာရပ်များကို သေချာသင်ယူလိုက်နာပြီး တီထွင်ကြံဆမှုများပြုလုပ်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊အရာထမ်း/အမှုထမ်းများ၊ သင်တန်း ဆရာ/မ များနှင့် သင်တန်းသား(၂၅)ဦးတက်ရောက်ပြီး (၁၀-၉-၂၀၂၆)ရက်နေ့မှ (၁၄-၉-၂၀၂၆) ရက်နေ့အထိ (၅)ရက်ကြာ ဖွှင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်းသိရသည်။





