မြိတ်ခရိုင်၊ မြိတ်မြို့၊သစ်တောဦးစီးဌာနမှ ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ််တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲအား မြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၁၅-၉-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ ရွာသစ်ကျေးရွာ၊ ဇမ္ဗူရတနာကျောင်း တိုက်၊ မြိတ်မြို့တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ရွာသစ်ကျေးရွာ၊ရာအိမ်မှူးနှင့် ဒေသခံပြည်သူများ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများကျား(၄၄)ဦး၊ မ( ၃၉)ဦး၊ စုစုပေါင်း(၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ-ဦးဝေယံမြင့်ချိုမှ ဒီရေတောထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ဒီရေတောသစ်ပင်များမှရရှိသော သွယ်ဝိုက်/ တိုက်ရိုက်အကျိုးကျေးဇူးများ၏ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပို့ချခဲ့ပြီးတက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းစဉ်များ၏ လက်ကမ်းစာ စောင်များအားဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။




