မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း

၂၂-၉-၂၀၂၆ ရက်၊အင်္ဂါနေ့၊(၀၉:၃၀)နာရီအချိန် မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ သယာကုန်းကျေးရွာတွင်“တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်ရာ ရက်ကွက်သူ/သား ကျား(၄၁)ဦး၊ မ(၁၀)ဦး၊ ပေါင်း(၅၁)ဦး၊ သစ်တောဝန်ထမ်း (၄)ဦးတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဝင်းစိုးမှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး ဆောင်ရွက်နေသည့်အကြောင်းအရာများ၊ သစ်တောဥပဒေများနှင့်အရေးယူဆောင်ရွက်နေမှုများအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, September 24, 2026 - 10:45