မြိတ်ခရိုင်၊မြိတ်မြို့၊သစ်တောဦးစီးဌာနမှဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ််‌တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

မြိတ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအသိပညာပေးဟောပြောပွဲအား မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၂-၉-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ၌ မြိတ်မြို့နယ်၊အ.ထ.က(၄) စာသင်ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ(၁၁)ဦးကျောင်းသား(၅၈)ဦး၊ကျောင်းသူ(၈၉)ဦးနှင့်သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၉)ဦး ကျား(၆၇)ဦး၊ မ( ၁၀၀)ဦး၊ စုစုပေါင်း (၁၆၇)ဦးတက်ရောက်ခဲ့ကြပါသည်။မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ-ဦးဝေယံမြင့်ချိုမှ ဒီရေတောထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ၊ဒီရေတောသစ်ပင်များမှရရှိသော သွယ် ဝိုက်/ တိုက်ရိုက်အကျိုးကျေးဇူးများ၏ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍‌ တောအုပ်ကြီး ဦးခင်မောင်ဆန်းမှဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောပို့ချခဲ့ပြီးတက်​ရောက်လာသူများမှ သိလိုသည်များအား ပြန်လည်‌ဖြေကြားခြင်းနှင့် လက်ကမ်းစာ‌ စောင်များအားဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, September 24, 2026 - 10:45