မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"တရားမဝင်သစ်ထုတ်လုပ်မူလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ် ၊သစ်တောဦးစီးဌာနမှူးရုံးမှ (၂၄-၉-၂၀၂၆)ရက်နေ့ (၁၂:၄၀)နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ ပန်းသွင်လေးကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာ၊ဓမ္မာရုံတွင်"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး"အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာအခမ်းနားတွင် ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်တောဥပဒေ၊သစ် တောနည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များရှင်းလင်းပြောကြားခြင်း၊သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊သစ်တောပြုန်းတီးခြင်း၊ရာသီဥတု ပြောင်းလဲခြင်း၊သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့်သစ်တောမြေပြင်ပမှ သစ်ပင်များမှတ်ပုံ တင်ခြင်းလုပ်ငန်းအားရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များအားတာဝန်ရှိသူမှ ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း(၃)ဦး၊ပန်းသွင်ကြီးကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ ကျား(၃၃)၊မ(၃၆)ဦး စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။


