မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"တရားမဝင်သစ်ထုတ်လုပ်မူလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ဇီဝမျိုးစုံမျိုးကွဲများ ထန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ် ၊သစ်တောဦးစီးဌာနမှူးရုံးမှ(၂၄-၉-၂၀၂၆)ရက်နေ့ (၁၄း၀၀)နာရီတွင် မင်းလှမြို့မြို့နယ်၊ ပေတော(ကန္နား)ကျေးရွာအုပ်စု၊ သဖန်းေချာင်းကျေးရွာ၊ စုရပ်ဆောင်တွင်"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး"အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားတွင် ဦးဝေယံ(တောအုပ်)မှ သစ်တောဥပဒေ၊သစ် တောနည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ရှင်းလင်းပြောကြားခြင်း၊သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်ပင်စိုက်ပျိုးခြင်း၊သစ်တောပြုစုထိန်းသိမ်းရေးဆိုင်ရာများ၊သစ်တောပြုန်းတီးခြင်း၊ရာသီဥတု ပြောင်းလဲခြင်း၊သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများနှင့်သစ်တောမြေပြင်ပမှ သစ်ပင်များမှတ်ပုံတင်ခြင်းလုပ်ငန်းအားရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များအားတာဝန်ရှိသူမှ ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ သစ်တောဦးစီးဌာနမှူးရုံးမှ ဝန်ထမ်း(၂)ဦး၊ ပေတော(ကန္နား)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနင့် သဖန်းချောင်းကျေးရွာ ဒေသခံပြည်သူ ကျား(၂၆)၊မ(၂၉)ဦး စုစုပေါင်း(၅၇)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။



