၂၁-၉-၂၀၂၆ ရက်နေ့မှ ၂၇-၉-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၃၄.၇၇၇၈)တန်၊ သစ်မာ(၁၄.၄၅၅၆)တန်၊ အခြား(၄၀.၃၃၆၄)တန်၊ စုစုပေါင်း(၈၉.၅၆၉၈)တန်၊ ယာဉ်/ယန္တရား(၄)စီး၊ တရားခံ(၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၃-၉-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သပြေဝ(၁-ခ)ဘိနယ်၊ အဝေရာ ရေလွှဲဆည်အနီးမှ တရားမဝင် ကျွန်း သစ်လုံး/ ခွဲခြမ်း/ ခွဲသား/ လုံးပတ်၃ပေအောက် သစ်/မျော စုစုပေါင်း (၇၈၃)လုံး/ခြမ်း/ချောင်း (၃၄. ၇၂၅၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Thursday, October 1, 2026 - 12:30