ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၂၈.၉.၂၀၂၆ )ရက်နေ့ ၊ နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည် မြို့နယ်၊ စိုင်းရဘိနယ်၊ (၆)မိုင်သစ်‌တောစခန်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ(၆)မိုင်ကျေးရွာမှ ရပ်မိ/ရပ်ဖများအပါအဝင် ဒေသခံပြည်သူကျား(၁၅)ဦး၊ မ(၂၀)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၃၈)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးတင့်လွင်ဦးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတို့ကိုလည်ကောင်း၊ တောအုပ် ဦးဇင်စိုးငြိမ်းမှ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကိုလည်းကောင်း တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက် လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, October 2, 2026 - 14:45