တရားမဝင်သစ်များဖမ်းဆီးရမိ (၁၈.၁၂.၂၀၁၃၊နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တောထွက် ပစ္စည်းများခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။

          နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ခေါင်းဆောင်သောအဖွဲ့သည်(၁၃.၁၂.၂၀၁၃)ရက်နေ့တွင် ဂွေးချိုဘိနယ် နေပြည်တော်-တောင်တွင်း ကြီးကားလမ်းတစ်လျှောက် တရားမ၀င်သစ်ဖမ်းဆီးရေး ကွင်းဆင်းစစ်ဆေးရာ မိုင်တိုင်(၃၅/၂)အနီး ပလွေးကြိုးဝိုင်း အကွက်အမှတ်(၇၈)နေရာတွင် တရားမ၀င်ကျွန်းဒါးရွေ(၃.၃၂၁၄)တန်အား ယာဉ် အမှတ် ၃ခ/၁၂၉၁ နှင့်၈ဃ/၂၀၇၇ (လိုက်ထရပ်)ကား(၂)စီးနှင့်အတူ ယာဉ်မောင်း ဦးမြင့်ဆန်းထွန်း (ဥတ္တရသိရိ)မြို့နယ်အား ဖမ်းမိပြီး ယာဉ်မောင်း(၁)ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ၎င်း ယာဉ်မောင်း(၂)ဦးနှင့်သစ်ပိုင်ရှင်(၁)ဦးတို့အား သစ်တောဥပဒေပုဒ်မ ၄၃(က)အရလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများသည် (၁၃.၁၂.၂၀၁၃)ရက် နေ့တွင် ချောင်းမ သစ်တောပျိုးဥယျာဉ်အနီးတွင် တရားမ၀င် ကျွန်းဒါးရွေ(၀.၉၀၃၂)တန်အား ယာဉ် အမှတ် ၈ည/၈၁၄၂(ဟိုက်အေ့)(၁)စီးနှင့်အတူ တရားခံ မောင်ကျော်ကျော်နိုင်(ကနီမြို့နယ်)အား ဖမ်း ဆီးမိ၍ သစ်တောဥပဒေပုဒ်မ ၄၃(က)အရလည်းကောင်း၊ (၁၄.၁၂.၂၀၁၃)ရက်နေ့တွင် ပြင်ဦးလွင် မြို့နယ်မှ သစ်တောဝန်ထမ်းများသည် ပြင်ဦးလွင်-လားရှိုးကားလမ်း မိုင်တိုင်(၄၈/၃)အပိုင်အနီး အေရှားဝေါ တိုးဂိတ်နေရာတွင် တရားမဝင် တမလန်းဒါးရွေ(၁၀.၁၄၄၆)တန်အား ယာဉ်အမှတ် ၁က/ ၄၄၀၈နှင့် လ/၂၅၂ နီဆန်းကွန်ဒါ(၂)စီးအား တရားခံ ဦး၀င်းမော်ဦးနှင့် ဦးသဲမောင်(ပုသိမ်ကြီးမြို့ နယ်)တို့အား ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၂(ခ)အရလည်းကောင်း အရေးယူထားကြောင်း သိရှိရသည်။

          မန္တလေးခရိုင်  သစ်တောဦစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့တို့ ပါဝင်သော အဖွဲ့သည် (၁၃.၁၂.၂၀၁၃)ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် (၁၆)မိုင်စစ်ဆေး ရေးစခန်း၌ တရားမ၀င်တမလန်းခွဲသား/တိုင်(၃.၆၇၅၀)တန်အား ယာဉ်အမှတ် ၃ခ/၈၈၄၀ နီဆန်း ဒီဇယ်ကားနှင့်အတူ ဖမ်းဆီးရမိ၍ ယာဉ်မောင်းမှာ ထွက်ပြေးသွားသဖြင့် စုံစမ်းဖော်ထုတ်၍ အကောက်ခွန်ဦးစီးဌာနမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ထီးချိုင့်မြို့နယ်မှ သစ်တောဝန်ထမ်းများသည် (၁၅.၁၂.၂၀၁၃)ရက်နေ့တွင် ထီးချိုင့်မြို့နယ် ဟင်္သာကြိုး(၄၈)၊ (၄၅)နှင့်ဆူးပုတ်ကုန်း ရွာအနောက်ဖက်(၂)မိုင်ကွာနေရာများမှ သစ်မာ(၁၃.၀၃၃၁)  တန်နှင့် သစ်မာတိုင်(၆.၀၁၃)တန်တို့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။