သစ်တောတက္ကသိုလ်၊ ရေဆင်းတွင် ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ၊ ကျောင်းသူကျောင်းသားများ အဆင်ပြေစွာ သင်ကြားနေထိုင်နိုင်ရေးအတွက် အဆောင်များ ဆောက်လုပ်၊ ပြုပြင်မွမ်းမံပေးလျက်ရှိ ( ၂၀ . ၁၂ . ၂၀၁၃ )

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ၊ သစ်တောတက္ကသိုလ်သည် လူသားအရင်းအမြစ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်(Knowledge- Professionalism-  Service )  ဆောင်ပုဒ်နှင့်အညီ သစ်တောပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပါ သည်။  သစ်တောတက္ကသိုလ်တွင် အဆင့်မြှင့်ပညာ သင်ပို့ချနိုင်ရန် သင်ကြားရေးအထောက်အကူပြု နှစ်ထပ် စာသင်ဆောင်သစ်၊ ကွန်ပျူတာခန်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ တောတွင်းလက်တွေ့ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စာကြည့်တိုက်အဆင့် မြှင့်တင်ပေးမှုများ၊ ခေတ်မီပညာ ရပ်များကို အချိန်နှင့်တစ်ပြေးညီလေ့လာနိုင်စေရန် Internet ဆက်သွယ်ရေးစနစ်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် အစဉ်တစိုက်ပံ့ပိုးပေးလျက်ရှိပါသည်။ ယခု အချိန်၌ သစ်တောတက္ကသိုလ်မှ သစ်တောပညာရပ်ဆိုင်ရာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့ သင်တန်းများ၊ ပါရဂူ ဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်အပြင် နိုင်ငံတကာ တက္ကသိုလ်များမှ ဘွဲ့လွန် မဟာ သိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများသို့ ထူးချွန်ထက်မြက်သော  သစ်တော သိပ္ပံဘွဲ့ရများအားလည်း စေလွှတ်၍ ဆက်လက်ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် သစ်တောတက္ကသိုလ် ကျောင်းသားကျောင်းသူစုစုပေါင်း (၆၂၄)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး သစ်တောတက္ကသိုလ်ရှိ အဆောင်များတွင် ကျောင်းသားကျောင်းသူများ နေထိုင်နိုင်ရန်အတွက် လိုအပ်သည်များပြုပြင် ဆောင်ရွက်ပေးခဲ့ရာ၊ ရန်မျိုးအောင် အဆောင်နှင့် ရန်မျိုးအောင်(တိုးချဲ့)ဆောင်တို့တွင် ကျောင်းသားစုစုပေါင်း(၂၅၀)ဦး၊ မိုးမခအဆောင်နှင့် မိုးမခ(တိုးချဲ့)ဆောင်တို့တွင် ကျောင်းသူစုစုပေါင်း(၁၀၂)ဦးတို့အား အဆောင်များ တွင် နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရန်အောင်မြင်အဆောင်အား ပြင်ဆင်လျက် ရှိပြီး ပြင်ဆင်ပြီးပါက ကျန်ရှိသောကျောင်းသားများအား ထပ်မံနေရာချထားပေးနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။