မန္တလေးတိုင်းဒေသကြီးတွင် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းဖမ်းဆီးရမိ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ သစ်တောဝန်ထမ်း များ ပါဝင်သောအဖွဲ့သည် နယ်မြေရှင်းလင်းစဉ် (၂၇.၁၂.၂၀၁၃) ရက်နေ့တွင် ကျိုင်းတောင်၊ ဘန်းသာရွာများအနီးနှင့်ခြင်ကောင် စခန်းနေရာများမှ တရားမဝင် ကျွန်း၊ ပိတောက်၊ တမလန်း၊ အင်ကြင်းနှင့်အခြားသားသစ်/ ခွဲသား/ ဗုံတို/ တိုင်/ ဒါးရွေ(၁၃.၃၁၁၄)တန် နှင့်ထင်း(၂၁.၃၆၆) တန်တို့အား တရားခံယာဉ်မောင်း/ပစ္စည်းပိုင်ရှင်(၁၁)ဦး(ပြင်ဦးလွင်မြို့နယ်)နှင့်အတူ ထော်လာဂျီ (မဲ့)(၅)စီး၊ မော်တော်ယာဉ် သရီးကရောင်း(မဲ့)(၁)စီး အပါအဝင်မော်တော်ယာဉ်(၆)စီး စုစုပေါင်း ယာဉ်(၁၁)စီးနှင့်အတူ ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၁(က)၊ ၄၂(ခ)နှင့် ၄၃(က)တို့ဖြင့်လည်း ကောင်း၊ မြင်းခြံခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ်များမှ သစ်တောဝန်ထမ်းများအဖွဲ့သည် (၁.၁.၂၀၁၄) ရက်နေ့တွင် ကြက်ပြစ်နှင့် မြင်သာကျေးရွာများမှ တရားမဝင် ရှား၊ ဒဟတ်၊ နီပဆေး၊ ခွဲသားတိုင် စုစုပေါင်း(၀.၅၀၃၆)တန်နှင့် မီးသွေး(၄၅)ပေါင်ဝင် (၁၃၈)အိတ်(၂၂.၀၈၀) တန်အား တရားခံ ပိုင်ရှင်(၂)ဦးနှင့်အတူ ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၁ (က) ၊ ၄၂(ဂ)တို့အရ လည်းကောင်း၊ မိတ္ထီလာခရိုင်နှင့် သာစည်မြို့နယ်တို့မှ သစ်တောဝန်ထမ်းများပါဝင်သော အဖွဲ့ သည် (၇.၁.၂၀၁၄) ရက်နေ့တွင် ကူပြင်ကြိုးဝိုင်း တိုးချဲ့(၁) အကွက်အမှတ်(၅၀)နှင့်(၅၃)အတွင်း မှတရားမဝင် သစ်ဆိမ့် သစ်/တိုင် (၀.၇၀၂)တန်နှင့် ထင်း(၆.၀၅၈၈)တန်တို့အား ယာဉ်အမှတ်၊ ၉ဌ/၉၄၃၇ ထော်လာဂျီနှင့် ယာဉ်အမှတ် ဆ/၇၄၀၆ (ဟီးနိုးကား)စုစုပေါင်း(၂)စီးနှင့်အတူ ယာဉ် မောင်း/သစ်နှင့် ထင်းပိုင်ရှင် (၂)ဦး(ရေပေါင်းဆုံ)တို့အား ဖမ်းမိ၍ သစ်တောဥပဒေပုဒ်မ ၄၁(က) အရ လည်းကောင်း၊ အရေးယူ ထားကြောင်း သိရှိရပါသည်။
ကျောက်ပန်းတောင်းမြို့နယ်မှ သစ်တောဝန်ထမ်းများသည် (၃၀.၁၂.၂၀၁၃) ရက် နေ့တွင် ကျောက်ပုံ(မ)ရွာ အနောက်ဘက်(၁)မိုင်အကွာမှ တရားမဝင် နီပဆေး၊ ရုံး၊ နှင့်ရှားခွဲသား/ တိုင် စုစုပေါင်း(၀.၁၀၉၂)တန်အား တရုတ်အင်ဂျင်(၁၈)ကောင် (၁)လုံးနှင့် ဆက်စပ်ပစ္စည်း (၆)မျိုးတို့ အား ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း၊ ပြင်ဦးလွင်ခရိုင်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ သစ်တော ဝန်ထမ်းများသည် (၆.၁.၂၀၁၄)ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ တန့်ခြေချောင်းဘေး၊ ချောင်း သွယ်လမ်းကြောများနှင့် တကောင်းတောင်ကြိုးဝိုင်း အကွက်အမှတ်(၆၄)နေရာများမှ တရားမဝင် ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ရုံး၊ ဖန်ခါး၊ သစ်ခွဲသား(၂၁.၂၀၉) တန်အား ယာဉ် အမှတ် ၅ဂ/၅၀၁၂ ကား(၁)စီးနှင့်အတူ ဖမ်းဆီးရမိပြီး ယာဉ်မောင်းမှာ ထွက်ပြေး၍ ပိုင်ရှင်မဲ့ အဖြစ်လည်းကောင်း၊ မိတ္ထီလာခရိုင်နှင့် သာစည်မြို့နယ်များမှ သစ်တောဝန်ထမ်းများသည် (၇.၁.၂၀၁၄)ရက်နေ့တွင် ကူပြင်ကြိုးဝိုင်း တိုးချဲ့(၁) အကွက်အမှတ်(၅၀)မှ မျောက်ချောနှင့်ဒီဒူး သစ်/တိုင်(၁.၈၅၄)တန်အား ပိုင်ရှင်မဲ့အဖြစ်လည်းကောင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိပါ သည်။