ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံအမတ်ကြီးH.E. Ms. Ann Ollestadနှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအားပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Ann Ollestadသည် ယနေ့(၂၀. ၁.၂၀၁၄)ရက်နေ့ နံနက်(၀၉:၀၀ ) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဒေါ်သက်သက်ဇင်၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ- နော်ဝေနှစ်နိုင်ငံအကြားပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊  ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ အထူးသဖြင့် အင်းလေးကန်ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသနေတိုင်းရင်းသားများလူမှုစီးပွားရေးဘဝပိုမိုကောင်းမွန်ရေး၊ ရေသယံဇာတအရင်းအမြစ်များထိန်းသိမ်းရေး၊ သဘာ၀အခြေခံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးကြကြောင်းသိရှိရသည်။