ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ Ministry of Climate and Environment တို့အကြား ပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးခြင်းနှင့် Letter of Intent လက်မှတ်ရေးထိုးခြင်းသတင်း (၆-၂-၂၀၁၄၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ Ministry of Climate and Environment တို့ ပူးပေါင်း၍ ပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲနှင့် Letter of Intent လက်မှတ်ရေးထိုးပွဲကိုယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကိုယ်စား ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်ပြီးနော်ဝေနိုင်ငံ Ministry of Climate and Environment ဘက်မှ ဒုတိယဝန်ကြီး H.E. Mr. Lars Andreas Lundeတက်ရောက်သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နော်ဝေနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာနော်ဝေ သံအမတ်ကြီး H.E. Ms. Ann Ollestad ၊ Ministry of Climate and Environment မှ Director GeneralMsIngvildAndreassen ၊ Deputy Director General Ms. Nina Christine Rorနှင့် အဖွဲ့၊ မြန်မာနိုင်ငံဘက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနလက်အောက်ရှိစီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်နှင့် ပတ်ဝန်းကျင်းထိန်းသိမ်း ရေးဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲ၊ သစ်တောနှင့်သဘာဝနယ်မြေများ ထိန်းသိမ်းခြင်းလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ ရေအရင်းအမြစ်များ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စစ်တောင်းမြစ်ဝှမ်း၊ ပဲခူးမြစ်ဝှမ်းရေအရင်းအမြစ်များစီမံအုပ်ချုပ်ခြင်းနှင့် အင်းလေးကန်ထိန်းသိမ်းခြင်းနှင့် ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်မှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိရေး၊ သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်း အစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး (REDD+) လုပ်ငန်းအစီ အစဉ်များ အကောင်အထည်ဖော်ရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဌာနအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နော်ဝေနိုင်ငံတက္ကသိုလ်များတွင် ဝန်ထမ်းများ အဆင့်မြင့် ပညာရပ်များ သင်ကြားနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြပြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ Ministry of Climate and Environment တို့အကြားပတ်ဝန်းကျင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာLetter of Intentကိုလက်မှတ် ရေးထိုးကြသည်။ အဆိုပါ Letter of Intentအရမြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဝန်းကျင် စီမံအုပ်ချုပ်ခြင်း၊ ရေအရင်းအမြစ်များစီမံအုပ်ချုပ်ခြင်း၊ ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်း ဝင်နေရာများသတ်မှတ်ခြင်း၊ စွန့်ပစ်ပစ္စည်းနှင့် ဓာတုပစ္စည်းဆိုင်ရာဘေးအန္တရာယ်ကျရောက်မှု လျှော့ချခြင်း၊ ပတ်ဝန်းကျင်စီမံအုပ်ချုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသ တင်း ရရှိသည်။