နေပြည်တော်ကောင်စီနယ်မြေ၌ သင်္ကြန်ကာလအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

မြန်မာနိုင်ငံသည် အဖိုးတန်သယံဇာတများဖြင့် ပေါကြွယ်ဝလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ် ပြီး နိုင်ငံနှင့်ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးများအတွက် အဆိုပါသယံဇာတများအား ထိရောက်စွာ အသုံးချ၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများဖြစ်သော သစ်နှင့် သစ်တောထွက်ပစ္စည်း များကို ဝိသမလောဘသားများ၏ ခိုးထုတ်သယ်ယူနေခြင်းများမှကာကွယ်တားဆီးနိုင်ရန် ဖမ်းဆီး အရေးယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ အများပြည်သူနှင့်ဝန်ထမ်းများ၏ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များကို အခွင့်ကောင်းယူ ၍ သစ်များတရားမဝင် ခိုးယူ/သယ်ဆောင်နိုင်မည့် အခြေအနေများကြောင့် သစ်တောဦးစီးဌာန ဝန်ထမ်းများသည် သင်္ကြန်ကာလများအတွင်း အထူးစီမံချက်များရေးဆွဲ၍ တရားမဝင်သစ် ခိုးယူသယ်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီဖမ်းဆီးဖော်ထုတ်ခဲ့ရာ (၁၀-၄-၂၀၁၄)ရက်နေ့တွင် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့သည် သဲကောကြီးကျေးရွာ သစ်တောထိန်း သိမ်းရေးစခန်းအနီး ကွင်းဆင်းစစ်ဆေးခဲ့စဉ် ညိုပင်အုပ်စု၊ ကြိုးတန်းရွာမှ ကိုဇော် မောင်းနှင်လာ သော လှည်းမြီးငုံးတိုပေါ်မှ တရားမဝင် ဖက်သန်းသစ် (၁)လုံး (၀.၂၂၅၆)တန်၊ မလွှသစ်(၁)လုံး (၀.၃၀၂၄)တန်၊ စုစုပေါင်း(၀.၅၂၈၀)တန်အား သစ်သယ်ယာဉ် လှည်းမြီးငုံးတို(၁)စီး၊ကျွဲ(၂)ကောင် နှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံ ကိုဇော်အား သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အမှုဖွင့်တိုင် ကြား၍ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ (၁၃-၄-၂၀၁၄) ရက်နေ့တွင် ဒက္ခိဏခရိုင် သစ်တောဦးစီးဌာန ဝန်ထမ်းအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ရာ မဲမဟော်ကြိုးဝိုင်းတွင်းမှ တရားမဝင် သစ်လှည်း(၂)စီးအား တရားမဝင် တမလန်း သစ်(၁)လုံးစီဖြင့် စုစုပေါင်း တမလန်းသစ်(၂)လုံး (၀.၄၆၆၀)တန်၊ ကျွဲနွား(၄)ကောင်အား လှည်း ပိုင်ရှင်(၂)ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။ အဆိုပါ(၁၃-၄-၂၀၁၄)ရက်နေ့တွင် မိုးစွေ ဘိနယ် ငလိုက်ကြိုးဝိုင်းအတွင်း မိုးကာအုပ်၍ မောင်းနှင်လာသော FAWကား(၁၀) ဘီးယာဉ် အမှတ်၊ ၆ခ/၈၄၁၅ ပေါ်မှ တရားမဝင် သတီခွဲသား(၈)ချောင်း (၁.၃၅၁၆)တန်၊ ပိုးမဲဇာခွဲသား (၂၄) ချောင်း (၃.၈၄၆၄)တန်နှင့် စစ်ဖြူခွဲသား(၁၂)ချောင်း(၂.၅၄၃၈)တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ သစ်တောဥပဒေပုဒ်မ ၄၁(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ (၁၄-၄-၂၀၁၄) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တိုင်း(၃)တိုင်း ဆုံရာနေရာမှ FUSO(၆)ဘီးကား ယာဉ်အမှတ်၊ ၃က/၂၉၄၆ စိမ်းပြာရောင်ပေါ်မှ တရားမဝင် အင်သစ်(၁၀)လုံး(၂.၄၀၀၀)တန်၊ အင်တိုင်(၆)လုံး(၁.၀၆၂၀)တန်၊ ပျဉ်းကတိုးတိုင်(၁)လုံး(၀.၀၉၀၀)တန်၊ စုစုပေါင်း (၃.၅၅၂၀)တန်အား ယာဉ်ပေါ်ပါ သစ်တင် လုပ်သား(၈)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။ အဆိုပါ နေရာမှာပင် ဆက်လက်ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ရာ ည(၂၁:၄၅)အချိန်၌ FAW ထော်လာ ဂျီ(၆)ဘီး ယာဉ်အမှတ်၊ ၉ဌ/၉၄၅၁ အပြာရောင်ပေါ်မှ တရားမဝင် ကျွန်းဒေါက်(၃၂)ချောင်း (၀.၂၂၄၀)တန်၊ ကျွန်းဒကူ(၂၀) ချောင်း (၀.၄၇၂၀)တန်၊ စုစုပေါင်း (၀.၆၉၆၀)တန်အား တရားခံ (၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါ သည်။ (၁၅-၄-၂၀၁၄) ရက်နေ့တွင် လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများမှ လယ်ဝေး မြို့နယ်၊ ကန်ဦးရွာ အနောက်တောင်ဘက်တွင် HUJU အမျိုးအစား (၃)ဘီးဆိုင်ကယ်ပေါ်မှ တရား မဝင်ကျွန်းသစ် (၃)လုံး (၀.၂၉၂၀)တန်၊ ကျွန်းတိုင်(၅)လုံး (၀.၃၇၆၀)တန်၊ စုစုပေါင်း (၀.၆၆၈၀) တန်အား ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။ (၁၉-၄-၂၀၁၄) ရက်နေ့တွင် လည်း လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာ တောင်ဘက်(၂)မိုင်ခန့်အကွာနေရာမှလည်း မြီးငုံးတို (၂)စီး(ကျွဲ/ နွားမပါ) တရားမဝင်ကျွန်းသစ်(၃)လုံး (၁.၂၁၂၀)တန်နှင့်အတူ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည် တရားမဝင်သစ်ခိုးထုတ် သယ်ယူခြင်းများအား နည်းလမ်းပေါင်းစုံ အသုံးပြု၍ စွမ်းစွမ်းတမံ ရှာဖွေဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။