စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်သစ်များဖမ်းဆီးမှု

စစ်ကိုင်းတိုင်းဒေသကြီး
သတင်းအရ ၈-၆-၂၀၁၄ ရက်နေ့၌ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုး နှင့်အဖွဲ့၊ ပုလဲမြို့နယ် ဦးစီးအရာရှိ ဦးဇော်ကိုကို နှင့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချစ်ဆန်းမောင် တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း၊ မိုင်တိုင်အမှတ် (၆၁/၂)နှင့် (၆၁/၃)ကြား၊ လမ်းဘေးကျောက်ခွဲစက် ဟောင်းနေရာ တောင်ဘက်၊ 2194-05 FV-505213 ရှေ့ပေ (၁၀၀)ခန့် အကွာနေရာမှ တရားမဝင်သစ်(ပျဉ်းကတိုး၊ အင်ကြင်း၊ အင်၊ ကျွန်း) (၁၆.၉၁)တန်၊ ယာဉ် (၂)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။